Wednesday, November 18, 2015


သိပ်ချစ်တယ် ခလေးရယ်
ကိုယ်တို့တွေ စိတ်ဆိုးစိတ်ကောက်တိုင်း
ထော်နေတဲ့ သူ့ နှုတ်ခမ်းလေးကို လွမ်းတယ်…

ကို ရောက်မလာဘူးထင်ပီး
တွေးချင်ရာလျောက်တွေး
ဝမ်းနည်းပီး မျက်ရည်ကျတတ်တဲ့
သူ့ မျက်လုံးလေးကို လွမ်းတယ် …

ကိုယ်တို့အတူရှိချိန်လေးမှာ
တီတီတာတာ ပြောတတ်တဲ့
သူ့ အသံလေးကိုလည်း လွမ်းတယ် …

လွမ်းတယ် လွမ်းတယ် အရမ်းလွမ်းတယ်


Saturday, March 15, 2014

ရိုးရိုး​လေးပါပဲ ချစ်​တတ်​​အောင်​ သင်​​ပေးမယ်​ဆိုတဲ့
စကား​လေးတစ်​ခွန်းထဲနဲ့ လက်​ခံခဲ့တာ သံ​​ယောဇဉ်​ဆိုတာက နားလည်​ရခက်​သားပဲ
နင်​သာ ငါ့အနားမှာ မရှိ​တော့ရင်​ ဆိုတဲ့​အ ​တွေးနဲ့ ငါ ရင်​​မောဖူးပါပြီ
ငါ့ကို နင့်​အရင်​ ​ကောင်​မ​လေး​လောက်​​တောင်​ မချစ်​ခဲ့ရင်
တ​နေ့​နေ့ ငါ့အနားကထွက်​သွားခဲ့ရင်
နင်​ ပတ်​သတ်​ဖူးတဲ့ ​ကောင်မ​လေး​တွေလို လွယ်​လွယ်​ပဲ အဆုံးသတ်​သွားရင်
အ​တွေး​ပေါင်း များစွာ . . . . . . . ဟူးးးးး
တခု​တော့ သိ​စေချင်​တယ်
နင်​ ငါနဲ့ လမ်းခွဲချင်​ပြီဆိုရင်​ ငါ့ကို ပွင့်​ပွင့်​လင်းလင်းနှုတ်​ဆက်​ပါ
မ​ပြောမဆို ရုတ်​တရက်​ ထွက်​မသွားပါနဲ့
ပြန်​မလာ​တော့တဲ့သူ တ​ယောက်​ကို ​မျှော်​လင့်​ရင်း မရှင်​သန်​ချင်ဘူး

Saturday, January 5, 2013

ကျေပါစေတော့..

“ကျေပါစေတော့”

နွေအရောက် ပူပြင်းသမျှ
မိုးဖွဲ့ တုန်းခဏ အေးမြခဲ့တာနဲ့ ပဲ
ကျေပါစေတော့
ငါ ….ငါကျေနပ်ပါတယ်လေ

စကားတွေအမျိုးမျိုး
သူညာရက်ခဲ့သမျှ
သူ့ အပြုံးတစ်ချက်
စကားတစ်ခွန်းနဲ့ ပဲ
ကျေပါစေတော့
ငါ….ကျနပ်ပါတယ်လေ။

လမ်းအဆုံး နှုတ်ဆက်ပြုံးနဲ့
လက်ပြခဲ့ရင်တောင်
သကာဖုံး ပျားရည်လူး သူ့ အချစ်ကို
သိသိရက်နဲ့ ချို မြိန်စွာသောက်သုံး
အို …ကျေပါစေတော့
ငါ …ကျနပ်ပါတယ်လေ။ ။

Friday, January 4, 2013

နင်က...
ငါ့ကို ..........သေလောက်အောင်မုန်းတယ်..
ငါက...
နင့်ကို.........သေလောက်အောင် ချစ်တယ်..
ဘယ်အချိန်များမှ...
နင့်ရဲ့ပြင်းထန်တဲ့. ...အမုန်းတွေ ပျောက်ဆုံးပြီး.
ငါ့အပေါ် ပြန်ချစ်လာမှာလဲ..
ချစ်သူ...။
´ခေါင်းစဉ်မဲ့ ကဗျာ´
အချစ်က နူးညံ့သလောက် ခက်ထန်တယ်
တစ်ခါတလေ နှလုံးသားတစ်ခုလုံး
တစ်စစီဖြစ်သွားအောင် လုပ်နိုင်စွမ်းရှိတယ်
အလွမ်းက နာကျင်သလောက် စွဲမြဲစေတယ်
တစ်ခါတလေ တစ်သက်လုံးမေ့မသွားအောင်
နှလုံးသားမှာ ရေးမှတ်ပေးထားတယ်
အမုန်းက ခါးသီးသလောက် ရက်စက်တယ်
တစ်ခါတလေ ရှင်းပြခွင့်လေးတောင်မရှိဘဲ
နှလုံးသားနှစ်ခုကို ဝေးကွာသွားစေတယ်
တခြားသူရင်ခွင်ထဲမှာ ပျော်နေတဲ့နင့်မျက်ကိုမြင်ရရင်ပဲ ငါကျေနပ်ပါပြီ။ လုံးဝ မတွေ့ရတာနဲ့ယှဉ်ရင်တော့ မင်းရဲ့နားမှာ ငါ့ရဲ့ဝိညာဉ်လေးရှိနေတယ်ဆိုတာ မမေ့ပါနဲ့ကွာ
ငါ့မျက်ရည်က...နင့်အတွက်ပျော်ရွှင်မှုဆိုရင်
ငါ့မျက်လုံးတွေပေါက်ထွက်သွားတဲ့အထိ...
နင့်အတွက်...ငိုပေးနိုင်ပါတယ်...
ဒါပေမယ့်...
ငါ့ရင်ဘတ်တစ်ခုလုံးပွင့်ထွက်သွားမတတ်..နင့်ကိုသတိရမိတဲံအချိန်မျိုးမှာ...
သတိရတယ်လို့တောင်..ပြောခွင့်မရှိတဲ့...
ငါ့ကိုယ်ငါ...အရမ်းမုန်းမိတယ်....